Python Program တွေမှာ အများအားဖြင့် Terminal ကနေပဲ Input/Output တွေ ထုတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ GUI တစ်ခုရေးတာထက်စာရင် ပိုလွယ်ကူပြီး အချိန်ကုန်သက်သာလို့ပါ။ Programmer တွေအတွက် Text-interface ကို သုံးပြီး အလုပ်လုပ်ရတာ မခက်ခဲပေမယ့် သာမန် User အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒါက သိပ်အဆင်မပြေပါဘူး။ ကိုယ့်ရဲ့ Program မှာ GUI ထည့်လိုက်မယ်ဆိုရင် User တိုင်းအတွက် အဆင်ပြေသွားနိုင်ပါတယ်။ တစ်ချို့ Program တွေမှာဆိုရင် GUI တစ်ခု မရှိမဖြစ် လိုတတ်ပါတယ်။ ဒါပေမယ့် Tkinter လို GUI Library ကြီးတွေက Beginner တွေအတွက် သုံးဖို့ သိပ်မလွယ်ပါဘူး။ PySimpleGUI က … Continue reading Introduction to PySimpleGUI – Python GUI for Humans
Snake Game in Python [2]: Beginner Pygame Tutorial
ဒါကတော့ Snake Game Tutorial လေးရဲ့ Part 2 ဖြစ်ပါတယ်။ Tutorial 1 မှာ Game window နဲ့ Control တွေ ရေးခဲ့ပါတယ်။ ဒီအပိုင်းမှာတော့ Collision Detection, Snake Movement, Scoring နဲ့ UI တွေ ဆက်ရေးမှာ ဖြစ်ပါတယ်။ What you'll learn from this project OOP ကို လက်တွေ့ အသုံးပြုပုံPygame အခြေခံ အသုံးပြုပုံUser input လက်ခံခြင်းGrid SystemScoring SystemBasic Game Structure Table of Contents Collision DetectionsSnake MovementScore & HighscoreDisplaying TextRefining … Continue reading Snake Game in Python [2]: Beginner Pygame Tutorial
Snake Game in Python [1]: Beginner Pygame Tutorial
ဒီ Tutorial လေးမှာတော့ Object-Oriented Programming concept တွေကို သုံးပြီး Classic Snake Game လေးကို ဖန်တီးမှာဖြစ်ပါတယ်။ Game library အနေနဲ့ Pygame ကို အသုံးပြုထားပါတယ်။ Beginner တွေအတွက် ရည်ရွယ်တာဖြစ်လို့ Pygame ကို တစ်ခါမှ မသုံးဖူးလဲ လိုက်ရေးလို့ ရပါတယ်။ What you'll learn OOP ကို လက်တွေ့ အသုံးပြုပုံPygame အခြေခံ အသုံးပြုပုံUser input လက်ခံခြင်းGrid SystemScoring SystemBasic Game Structure Table of Contents Project Set UpGame ClassGame LoopGrid SystemApple ClassSnake ClassVector2 ObjectDrawing … Continue reading Snake Game in Python [1]: Beginner Pygame Tutorial
Objects and Classes in Python
Python program တွေကို ရေးတဲ့အခါမှာ အဓိက အသုံးပြုတဲ့နည်းလမ်းတစ်ခုက Object-Oriented Programming (OOP) ဖြစ်ပါတယ်။ OOP ဆိုတာ Program တွေကို နားလည်ရ၊ ထိန်းသိမ်းရလွယ်အောင် ကုဒ်တွေကို သက်ဆိုင်ရာ Object တွေ အလိုက် စုစည်းပြီး အသုံးပြုတာ ဖြစ်ပါတယ်။ ဒီ Post မှာ တော့ OOP concept ရဲ့ အခြေခံတွေဖြစ်တဲ့ Object နဲ့ Class တွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။ Objects & Classes Python မှာ သုံးနေတဲ့ အရာရာတိုင်းက Object တွေပါ။ Object ဆိုတာ Variable နဲ့ Function တွေကို စုစည်းပေးထားတာဖြစ်ပါတယ်။ Object … Continue reading Objects and Classes in Python
How to Use Lambda Functions : Advanced Python Concept
Lambda function တွေက Computer programming မှာ အရေးပါတဲ့ Concept တစ်ခုဖြစ်ပါတယ်။ ကျစ်လျစ်ထိရောက်တဲ့ ကုဒ်တွေကို မြန်မြန်ဆန်ဆန်နဲ့ ရေးနိုင်ဖို့ အတွက် Lambda function တွေကို သေသေချာချာ နားလည်ထားဖို့ လိုပါတယ်။ ဒီ Post မှာတော့ Lambda တွေကို Python language မှာ ဘယ်လို အသုံးပြုရမယ်ဆိုတာကို လေ့လာကြမှာ ဖြစ်ပါတယ်။ Table of Contents Lambda SyntaxBasics Of Lambda FunctionsUsages of Lambda Functionsfilter() Functionmap() Functionsorted() Functionreduce() FunctionReturning Function ObjectsSummary Lambda Syntax Lambda function ဆိုတာ နာမည်မပါတဲ့ … Continue reading How to Use Lambda Functions : Advanced Python Concept
*Args and **Kwargs : Using Variable Numbers of Arguments in Python
Python program တွေကို လေ့လာတဲ့အခါ တစ်ချို့ Function definition တွေမှာ *args နဲ့ **kwargs ဆိုပြီး Parameter နှစ်ခုကို တွေ့ရတတ်ပါတယ်။ ဒီ Post မှာတော့ *args နဲ့ **kwargs က ဘာတွေလဲ၊ သူတို့ကို ဘယ်လိုသုံးရမလဲ ဆိုတာတွေကို ပြောပြပေးမှာပါ။ What are *args and **kwargs? Function တစ်ခုကို Define လုပ်တဲ့ အခါမှာ လိုအပ်တဲ့ Parameter တွေကို တစ်ခါတည်း သတ်မှတ်ထားရပါတယ်။ ကိုယ်ထည့်ချင်တဲ့ Argument အရေအတွက်ကို သေချာမသိတဲ့ အခါ၊ ဒါမှမဟုတ် Argument တွေ၊ Keyword argument တွေ အများကြီးထည့်ချင်တဲ့ အခါမှာ … Continue reading *Args and **Kwargs : Using Variable Numbers of Arguments in Python
How to Use TinyDB – Python Database for Beginners
ကိုယ်ပိုင် Project တွေ ရေးတဲ့အခါမှာ Data တွေကို သိမ်းဖို့ လိုလာတတ်ပါတယ်။ ကိုယ်က Data အများကြီး သိမ်းစရာမလိုရင် ရိုးရှင်းတဲ့ TinyDB ကို သုံးလိုက်တာက ကိုယ့်အလုပ်ကို ပိုပြီး လွယ်ကူမြန်ဆန်စေပါတယ်။
Functions in Python
Program တစ်ခု ရေးပြီ ဆိုရင် Function တွေကို မဖြစ်မနေအသုံးပြုရပါတယ်။ Function ဆိုတာက ထပ်ခါထပ်ခါသုံးလို့ရတဲ့ ကုဒ်တွေကို ပြန်သုံးနိုင်အောင် စုစည်းထားတဲ့ block တစ်ခုပါ။ လုပ်ငန်းတစ်ခုထဲကို အတူတူလုပ်ဆောင်တဲ့ ကုဒ်တွေကို Function တွေနဲ့ Organize လုပ်ထားတဲ့ အခါမှာ Program တစ်ခုက နားလည်ရလွယ်တဲ့အတွက် error ပါနေရင်လည်း လွယ်လွယ်ကူကူ Debug လုပ်နိုင်ပါတယ်။ Function တွေရဲ့ အဓိက အသုံးဝင်တဲ့ အချက်ကတော့ Program တစ်ခုမှာ သုံးထားတဲ့ Function တွေကို အလားတူ လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အခြား Program တစ်ခုမှာလည်း ပြန်သုံးနိုင်ပါတယ်။ ဒီလို Programming language တိုင်းမှာ အရေးပါတဲ့ Concept တစ်ခုဖြစ်တဲ့ … Continue reading Functions in Python
